Breaking News

အီလက်ထရွန်းနစ်နည်းပညာဌာန

"နိဒါန်း"

ကျွန်ုပ်၏ ဌာနသည်Electronics Technology Departmentဖြစ်ပါသည်။Electronics Technology ဆိူသည်မှာ လျှပ်စစ် နှင့် အီလက်ထရောနစ် အစိတ်အပိုင်းများ၊ ကရိယာများနှင့် စနစ်များကို ထုတ်လုပ်ခြင်း ၊ တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်း၊ တိထွင်ဖန်တီးခြင်း၊ လူနေအိမ်နှင့် စက်မှု လုပ်ငန် အပါအဝင် စက်မှုလုပ်ငန်း အားလုံး ကို အီလက်ထရောနစ်နည်းပညာဟု ခေါ်ပါသည်။ 

"ရည်မှန်းချက်"

ဌာနတွင် ပထမနှင့်ဒုတိယဟူ၍ နှစ်မျိုးဖွင့်လှစ်လျက်ရှိပါသည်။

ဘာသာရပ်အကြောင်းကို နားလည်စေရန်၊ဘာသာရပ်နှင့်ဆိုင်သော components အကြောင်းကို သိရှိစေရန်၊Basic Electronics နှင့်ဘာသာရပ်ကို စာတွေ့ လက်တွေ့  ကောင်းစွာသိရှိစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

ဒါအပြင်လုပ်ငန်းခွင်ဝင်ရောက်နိုင်သောလုပ်သားများမွေးထုတ်ပေးနိုင်ရေး၊တစ်သက်တာသင်ယူနိုင်သောအခွင့်အလမ်းများနှင့် အဆင့်မြင့်ပညာရေးကို ဆက်လက်သင်ယူနိုင်ရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

 

အီလက်ထရွန်းနစ်နည်းပညာဌာန

စဉ်အမည်ရာထူးပညာအရည်အချင်း
ဒေါ်မဥ္ဇူသန်းလက်ထောက်ကထိကBE (Electronics)
ဦးကျော်မင်းထွန်းကထိကBEv(Electronics)
ဦးဝင်းမင်းကိုထိုက်လက်ထောက်ကထိကBE (Electronics)
အီလက်ထရွန်းနစ်နည်းပညာဌာန

ကျွန်ပ်တို့ ဌာနမှ အိမ်သုံး electronics ပစ္စည်းများ ကိုယ်တိုင်ပြုပြင်နိုင်သော Semi-skill လုပ်သားများ,၊အမှန်တကယ်တတ်မြှောက်ပြီး လုပ်ငန်းခွင် ဝင်ရောက်နိုင်သော Skill Worker များ၊ သင်တန်များပြန်လည် ပို့ချပေးနိုင်သော Advance Skill ရှိ သင်တန်းဆရာမများအား မွေးထုတ်ပေးနိုင်ခဲ့ပါသည်။

ပထမနှစ် နှင့် ဒုတိယတို့တွင် ဘာသာရပ် ၂ခုစီ ရှိပါသည်။ပထမနှစ်တွင် Basic Electronics နှင့် Basic Electricity Components and circuits ဟူ၍ ၂မျိူးရှိပါသည်။ဒုတိယနှစ်တွင် Apply Electronics နှင့် Radio Communication ဟူ၍ ၂မျိူးရှိပါသည်။

ကျွန်ုပ် ဌာနသည် ဒေသလိုအပ်ချက်နှင့်ကိုက်ညီမှု ရှိပါသည် သူတို့သည် တစ်ပိုင်တစ်နိုင် အိမ်တွင်း လျှပ်စစ်တပ်ဆင်ခြင်း လုပ်ငန်းများ,Electronics Service ၊ Moblie Phone Serivces၊ မြန်မာ့ဆက်သွယ်ရေးရုံး, မြန်မာ့ ရုပ်မြင်သံကြား သတင်းဌာန များတွင် ဝင်ရောက်လုပ်ကိုင်နိုင်ခဲ့ကြပါသည်။

ထားဝယ်ဒေသအရ အလုပ်အကိုင်အခွင့်အလမ်း နှင့် လုပ်ငန်းခွင်ဝင်ရောက်နိူင်မှုသည် ၅၀%လောက်ရှိပါသည်။ထားဝယ်ဒေသသည် ဖွံ့ဖြိုးတိုးတက်မှုအားကောင်းခြင်း၊ စီးပွားရေးဇုန်များပြားလာခြင်း၊ စက်ရုံအလုပ်ရုံပေါများလာပါက လုပ်ငန်းခွင်ဝင်ရောက်မှု ပိုမိုရရှိလာနိုင်မည်ဟု မျှော်လင့်မိပါသည်။

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်