လျှပ်စစ်နည်းပညာဌာန
ဌာနမိတ်ဆက်
အစိုးရနည်းပညာအထက်တန်းကျောင်း(ထားဝယ်) တွင် လျှပ်စစ်နည်းပညာသင်တန်းကို ၂၀၀၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ လျှပ်စစ်နည်းပညာဌာနတွင် ပုံမှန်သင်တန်းနှင့် ကာလတိုသင်တန်းများ ဖွင့်လှစ်သင်ကြားပါသည်။
ရည်ရွယ်ချက်
လျှပ်စစ်ဆိုင်ရာလုပ်ငန်းများအတွက် ကျွမ်းကျင်လုပ်သားများရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။
လျှပ်စစ်နည်းပညာဌာန
စဉ် | အမည် | ရာထူး | ပညာအရည်အချင်း |
---|---|---|---|
၆ | ဒေါ်ခင်ဖုန်းချယ် | နည်းပြ | BE(EP)Q |
၁ | ဦးသူရကျော် | ကထိက | E.G.T.I (EP).BA(Myan) |
၂ | ဦးထိုက်ကိုကို | လက်ထောက်ကထိက | BE (EP) Q |
၃ | ဒေါ်မျိုးအေး | လက်ထောက်ကထိက | BE (EP) Q |
၄ | ဒေါ်ခိုင်ငြိမ်းစိုး | လက်ထောက်ကထိက | BE (EP)Q |
၅ | ဒေါ်ဟန်နီကျေ် | လက်ထောက်ကထိက | BE(EP)Q |
သင်တန်းများ
ပုံမှန်သင်တန်းတွင် အဓိကဘာသာရပ် (၅) ခုကို သင်တန်းကာလ (၂) နှစ်ဖြင့် သင်ကြားပေးလျက်ရှိပါသည်။ စာသင်နှစ် (၁) နှစ်တွင် ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်ဟူ၍ (၂) ပိုင်းခွဲထားပါသည်။ စာတွေ့ ၆၀% နှင့် လက်တွေ့ ၄၀% ဖြင့် သင်ကြားပေးလျက်ရှိပါသည်။ စာသင်နှစ် တစ်နှစ်ပြီးဆုံးတိုင်း လုပ်ငန်းခွင်လေ့ကျင့်သင်ကြားရေး (On Job Training) ကို ပထမနှစ်သင်တန်းအတွက် (၄) ပတ်နှင့် ဒုတိယနှစ်သင်တန်းအတွက် (၁၀) ပတ် လေ့ကျင့်သင်ကြားပေးပါသည်။ စာတွေ့၊ လက်တွေ့များ သင်ကြားပေးခြင်းဖြင့် ကျွမ်းကျင်လုပ်သားများ ရရှိစေပါသည်။
သင်ကြားပေးလျက်ရှိသော ဘာသာရပ်များ
ပထမနှစ်သင်တန်း အတွက် သင်ကြားပေးလျက်ရှိသော ဘာသာရပ်များ
- လျှပ်စစ်ဆိုင်ရာသဘောတရားများ (Electrical Principles) (ET – 101)
- လျှပ်စစ်သွယ်တန်းခြင်း (Electrical Installation) (ET – 102)
- အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ပုံများရေးဆွဲခြင်း (Engineering Drawing) (AT – 101)
- Electrical Principles ဘာသာရပ်တွင် အခြေခံလျှပ်စစ်ဆိုင်ရာသဘောတရားများကို နားလည်စေရန်သင်ကြားပေးပါသည်။
လျှပ်စစ်ဆိုင်ရာသင်္ကေတများ (Electrical Symbols) ၊ လျှပ်စစ်ဆိုင်ရာကိရိယာများ (Electrical Hand Tools) ၊ Multi-Meter အသုံးပြုပုံ၊ Resistor color code ဖတ်နည်း၊ Series and Parallel Circuits များ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ (Home Appliance) ပြုပြင်ထိန်းသိမ်းခြင်းများကို သင်ကြားပေးပါသည်။
- Electrical Installation ဘာသာရပ်တွင် လျှပ်စစ်သွယ်တန်းခြင်း နှင့်သက်ဆိုင်သော အကြောင်းအရာများကို သင်ကြားပေးပါသည်။
ဝါယာကြိုးအရွယ်အစားနှင့် အသုံးပြုနည်း (Wire Sizing) ၊ Circuit Breaker အမျိုးအစားများ၊ လျှပ်စစ်ဓာတ်အားထိန်းညှိမှု တွက်ချက်ခြင်း (Load balance Calculation) ၊ အန္တရာယ်ကင်းစေရန် ဝါယာကြိုးများကိုဖုံးအုပ်ထည့်သွင်းအသုံးပြုသော Trunking and Conduit အသုံးပြုနည်း၊ သစ်သားတုံးများပေါ်တွင် လျှပ်စစ်ပစ္စည်းများတပ်ဆင်ခြင်း (Fitting electrical accessories on wooden blocks) ၊ မီးသီး မီးချောင်းအမျိုးမျိုးတပ်ဆင်နည်း စသည်တို့ကို သင်ကြားပေးပါသည်။
Engineering Drawing ဘာသာရပ်တွင် 2D, 3D ပုံများရေးဆွဲခြင်း (first and third angle projection) သဘောတရားများကို နားလည်စေရန်သင်ကြားပေးပါသည်။
ဒုတိယနှစ်သင်တန်း အတွက် သင်ကြားပေးလျက်ရှိသော ဘာသာရပ်များ
- Electrical Drives and Machines (ET – 201)
- Electrical Automatic and Control (ET – 202)
- Electrical Drives and Machines ဘာသာရပ်တွင် Electrical Machines အလုပ်လုပ်ပုံ၊ ထိန်းချုပ်ပုံနှင့် ပြုပြင်ထိန်းသိမ်းနည်းများကို သင်ကြားပေးပါသည်။
ထို့အပြင် လျှပ်စစ်မော်တာအမျိုးအစားများ (Types of Motors) ၊ လျှပ်စစ်မော်တာလည်ပတ်ပုံ (Operation of Motors) ၊ လျှပ်စစ်မော်တာအစိတ်အပိုင်းများ (Parts of Motors) ၊ စက်ရုံသုံးမော်တာထိန်းချုပ်နည်း (Industrial Motor Control) စသည်တို့ကို သင်ကြားပေးလျက်ရှိပါသည်။
- Electrical Automatic and Control ဘာသာရပ်တွင် Transformer အကြောင်းကို သင်ကြားပေးပါသည်။
ထရန်စဖော်မာအမျိုးအစားများ (Types of Transformer) ၊ Transformer Iron Core အမျိုးအစားများ၊ Transformer Rewinding, Calculation for Transformer, Making Formers စသည်တို့ကို သင်ကြားပေးလျက်ရှိပါသည်။
အလုပ်အကိုင်ရရှိမှု
အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမှုအခြေအနေမှာ ပြီးမြောက်အောင်မြင်သွားသော သင်တန်းသားများ၏ (၇၅) % ခန့်ရှိပါသည်။