Breaking News

မော်တော်ယာဉ် နည်းပညာဌာန

                မော်တော်ယာဉ်နည်းပညာသင်တန်းကို ရွေးချယ်တက်ရောက်လျှင် အနာဂါတ်အတွက်လိုအပ်သော အသိပညာများ ရရှိပါလိမ့်မည်။ ကျွမ်းကျင်သောမော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းသူ တစ်ယောက်ဖြစ်ချင်လျှင် ပထမဦးစွာ မော်တော်ယာဉ် နည်းပညာသင်တန်း ကို တက်ရောက်လေ့လာသင့်ပါသည်။

မိတ်ဆက်ခြင်း

            သင်တန်းပြီးဆုံးရန် ကာလမှာ နှစ်နှစ် တက်ရောက်သင်ကြားရပါမည်။ တစ်နှစ်လျှင် ပထမနှစ်ဝက် နှင့် ဒုတိယနှစ်ဝက် ဟူ၍ နှစ်ပိုင်းတက်ရောက်ရမည် ဖြစ်ပါသည်။ နည်းပညာဘာသာရပ်များဖြစ်သည့် အတွက် နည်းပညာပိုင်းဆိုင်ရာ သီအိုရီများကို လေ့လာရမည်ဖြစ်ပြီး လုပ်ငန်းခွင်တွင် ကျွမ်းကျင်စွာ ဝင်ရောက် လုပ်ကိုင်နိုင်ရန် အတွက်လည်း အင်ဂျင်များနှင့် မော်တော်ယာဉ်များ ပြုပြင်ထိန်းသိမ်းနည်းကို ကျွမ်းကျင်သောဆရာ/မ များမှ လက်တွေ့သင်ကြားပေးမည် ဖြစ်ပါသည်။

            မော်တော်ယာဉ်နည်းပညာသင်တန်းတွင် အင်ဂျင်အမျိုးမျိုး ပြုပြင်ထိန်းသိမ်းခြင်း နှင့် စစ်ဆေးပြင်ဆင်ခြင်းများ၊ မော်တော်ယာဥ်များ ပြုပြင်ထိန်းသိမ်းခြင်း နှင့် စစ်ဆေးပြင်ဆင်ခြင်းများ သင်ကြားရပါမည်။ အဓိက ဘာသာရပ်များအနေဖြင့်

  1. Petrol Engine and Diesel Engine
  2. Auto Electric and Chassis
  3. Engineering Drawing စသော ဘာသာရပ်များကို သင်ကြားရပါမည်။

 

မော်တော်ယာဉ် နည်းပညာဌာန

စဉ်အမည်ရာထူးပညာအရည်အချင်း
ဦးစိုးကိုကိုအောင်လက်ထောက်ကထိကBE (Mechanical)
‌‌‌ဒေါ်ဇင်မာအေးကထိကME (Mechanical)
ဦးမောင်မောင်လက်ထောက်ကထိကBE (Mechanical)
မော်တော်ယာဉ် နည်းပညာဌာန

မျှော်မှန်းချက်

            မော်တော်ယာဉ်နည်းပညာသင်တန်း ၏မျှော်မှန်းချက်မှာ သင်တန်းသားများကို မိမိနိုင်ငံအတွင်း နှင့် ပြည်ပနိုင်ငံများတွင် ကောင်းမွန်စွာ လုပ်ကိုင်နေထိုင်နိုင်ရန် နှင့် လူနေမှု အဆင့်အတန်း မြင့်မားစေရန် အတွက် လိုအပ်သော နည်းပညာရပ်များကို ဖြည့်ဆည်းပေးရန် ဖြစ်ပါသည်။

ဘာသာရပ်များ မိတ်ဆက်ခြင်း

  1. Petrol Engine and Diesel Engine

ဤဘာသာရပ်တွင် အင်ဂျင် တစ်လုံးစီတွင်ပါဝင်သော အစိတ်အပိုင်းများ ခွဲခြားသိရှိစေခြင်း၊ အင်ဂျင်အမျိုးအစားများ ခွဲခြားတတ်စေခြင်း၊ အင်ဂျင်၏လုပ်ဆောင်ချက်များ သိရှိစေခြင်း နှင့် အင်ဂျင်များကို စစ်ဆေးပြုပြင်ထိန်းထိမ်းခြင်းများ နားလည်သဘောပေါက်စေရန် သင်ကြားပေးပါသည်။

  1. Auto Electric and Chassis

ဤဘာသာရပ်တွင် မော်တော်ယာဉ် တည်ဆောက်ပုံ ဒီဇိုင်းများ နှင့် လုပ်ဆောင်ချက် စွမ်းဆောင်ရည်များ၊ မော်တော်ယာဥ်အတွင်း မီးလုံးများ၊ အဲယားကွန်းယူနစ်များ နှင့် ပါဝါစနစ်များ အတွက် လိုအပ်သော လျှပ်စစ်ပတ်လမ်း ဖွဲ့စည်းဆောက်ပုံများ ကို သိရှိစေရန် သင်ကြားပေးပါသည်။ ထို့အပြင် ဘတ်ထရီ (battery) နှင့် မော်တာ (Motor) ချိတ်ဆက်၍ လုပ်ဆောင်သော အခြေခံ အလုပ်လုပ်ပုံ နိယာမ သဘောတရားများကိုလည်း သင်ကြားပေးပါသည်။

  1. Engineering Drawing

ပုံရေးဆွဲခြင်းဘာသာရပ်တွင် နည်းပညာပိုင်းဆိုင်ရာ ပုံများကို စနစ်တကျ ရေးဆွဲတတ်စေရန် အခြေခံမှ စ၍ ပုံကြမ်းများရေးဆွဲခြင်း၊ စာသားများရေးထည့်စေခြင်း နှင့် အတိုင်းအတာ ယူနစ်များတပ် စေခြင်းများကို သင်ကြားပေးပါသည်။ ထို့နောက် သင်တန်းသားများသည် သင်ကြားပေးထားသော အခြေခံ အချက်အလက်များကို အသုံးချ၍ စက်ပစ္စည်း အစိတ်အပိုင်း ပုံစံများနှင့် မော်တော်ယာဉ် အစိတ်အပိုင်း ပုံစံများကို စနစ်တကျ မှန်ကန်စွာရေးဆွဲ တတ်စေမည် ဖြစ်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်