Breaking News

စာပေဌာန

စာပေဌာန မှ ဆရာမ များ

“မြန်မာစာဘာသာရပ်”

“ပုံမှန်သင်တန်းများ”

“ရည်ရွယ်ချက်”

            မြန်မာသဒ္ဒါ၊ မြန်မာကဗျာ၊ စကားပြေနှင့် စာစီစာကုံးများ သင်ကြားရခြင်းသည် မြန်မာလူမျိုးများ၏ ရိုးရာစာပေ၊ ယဉ်ကျေးမှုများကို သိရှိနားလည်ပြီး၊ ကိုယ်၊ နှုတ်၊ နှလုံး (၃) ပါးသော အမူအရာများ ယဉ်ကျေးသိမ်မွေ့ကာ ထက်မြက်သော လူတော်၊ လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပါသည်။

“သင်ယူမှုရလဒ်”

            မြန်မာဘာသာရပ်ကို ထည့်သွင်းသင်ကြားရခြင်းကြောင့် တိုင်းရင်းသားပေါင်းစုံသည် မြန်မာဘာသာစကားနှင့် အရေးအသား၊ အသုံးပြုပုံများကို သိနားလည်၍ လူမှုဝန်းကျင်တွင် အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်လိမ့်မည် ဖြစ်ပါသည်။

 

စဉ်အမည်ရာထူးပညာအရည်အချင်း

“အကဲဖြတ်ခြင်း”

  • အခန်းဆုံးစစ်ဆေးခြင်း             - ၂၀ %
  • စာမေးပွဲ (စာတွေ့) - ၈၀ %

“အခန်းဆုံးစစ်ဆေးခြင်း”

            သင်ကြားပြီးသော သင်ခန်းစာများကို လေ့လာမှတ်သားစေကာ အတန်းတွင်းဖြေဆိုခိုင်းခြင်း၊ အတန်းတွင်းအဖွဲ့ခွဲ၍ အပြန်အလှန်ဆွေးနွေးစေခြင်း။

“စာမေးပွဲ (စာတွေ့)”

            ကျောင်းသားများသည် စာသင်နှစ်တစ်နှစ်ပြီးတိုင်း စာတွေ့စာမေးပွဲကို မဖြစ်မနေဖြေဆိုရမည်။

“ရိုးရိုးအောင်နှင့် အထူးအောင် အခြေအနေ”

  • ရိုးရိုးအောင်မှတ် - (၄၀) မှတ်
  • အထူးအောင်မှတ် - (၆၅) မှတ်

အင်္ဂလိပ် ဘာသာရပ်

ရည်ရွယ်ချက်

  • အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာပိုဒ်များကိုဖတ်၍ ဘာသာပြန်တတ်စေရန်။
  • အင်္ဂလိပ်ဝါကျများကို သဒ္ဒါနည်းမှန်ကန်စွာ ရေးတတ်စေရန်။
  • အဓိပ္ပာယ်နားမလည်သော စကားလုံးအသစ်များကို အဘိဓာန်တွင်ရှာဖွေတတ်စေရန်။
  • အထက်တန်းအဆင့် အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြော၊ နားထောင် စွမ်းရည်များကို သိရှိတတ်မြောက်စေရန်။

သင်ယူမှုရလဒ်များ

  • အင်္ဂလိပ်ဘာသာရပ်ကိုသင်ယူခြင်းဖြင့် အထက်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည် (၄) မျိုးကို အသုံးချတတ်လာမည်။
  • အင်္ဂလိပ်ဘာသာရပ်ကိုအသုံးချ၍ အခြားသော အင်ဂျင်နီယာ/ နည်းပညာဘာသာရပ်များကို လေ့လာနိုင်မည်။
  • အဆင့်မြင့်ပညာရပ်များကို ဆက်လက်လေ့လာရာတွင် အင်္ဂလိပ်ဘာသာရပ်ကို ကျောင်းသားများကိုယ်တိုင် အသုံးချနိုင်လာမည်။

 

စာပေဌာန

စဉ်အမည်ရာထူးပညာအရည်အချင်း
ဒေါ်ခိုင်ဇင်ဝင်းထွန်းတွဲဖက်ပါမောက္ခMA (TEFL)
ဒေါ်သင်းသင်းဦးတွဲဖက်ပါမောက္ခMA (Eng)Dip.ESP.Mes
အင်္ဂလိပ်စာ ဌာန

အကဲဖြတ်ခြင်း

  • အခန်းဆုံးစစ်ဆေးခြင်းနှင့် စာသင်ခန်းအတွင်းလုပ်ဆောင်ချက် - ၂၀ %
  • တတ်မြောက်နားလည်မှု (အလုပ်၊ တာဝန်) - ၂၀ %
  • စာမေးပွဲစစ်ဆေးခြင်း - ၆၀ %

 

 

 

အခန်းဆုံးစစ်ဆေးခြင်း နှင့် စာသင်ခန်းအတွင်းလုပ်ဆောင်ချက်

            သင်ကြားပြီးသော သင်ခန်းစာများအပေါ် မည်မျှနားလည်သည်ကိုစစ်ဆေး၍ ကျောင်းသားများ၏လိုအပ်ချက်များကို ဖြည့်စွက်၊ ပြင်ဆင်၊ လေ့ကျင့်ပေးသည်။

            စာသင်ခန်းအတွင်း တက်ကြွစွာ သင်ယူတတ်မှုနှင့် စည်းကမ်းလိုက်နာမှုကို ကြည့်ရှုစစ်ဆေးအကဲဖြတ်သည်။

 

တတ်မြောက်နားလည်မှု (အလုပ်၊ တာဝန်)

            သင်ခန်းစာများကို နားလည်မှု ရှိ/ မရှိ စစ်ဆေးနိုင်ရန် ပေးအပ်ထားသော အလုပ်တာဝန်များကို လုပ်ဆောင်နိုင်မှုအပေါ် စစ်ဆေးအကဲဖြတ်သည်။

 

စာမေးပွဲစစ်ဆေးခြင်း (စာတွေ့)

            စာသင်နှစ်ဝက်တစ်ခု ပြီးဆုံးတိုင်း သင်ခန်းစာအားလုံးကို စာတွေ့ဖြေဆိုစေ၍ စစ်ဆေးအကဲဖြတ်သည်။

 

ရိုးရိုးအောင် နှင့် အထူးအောင်

  • ရိုးရိုးအောင် - (၄၀) မှတ်
  • အထူးအောင် - (၆၅) မှတ် (အနိမ့်ဆုံးရမှတ်)

သင်္ချာဘာသာရပ်

“ရည်ရွယ်ချက်”

            Differentiation နှင့် Integration, Multivariable Calculus များကိုသင်ကြားရန်အပြင် အဓိကသင်ရိုးတွင် မိတ်ဆက်ထားသော အခြေခံသင်္ချာဆိုင်ရာအကြောင်းအရာများဖြစ်သည့် Sets, Function, Equations, Vectors, Matrices များကိုလည်းသင်ကြားရန်။

“သင်ယူမှုရလဒ်”

            ကျောင်းသား၊ ကျောင်းသူများသည် သင်္ချာဘာသာရပ်၏ အသိပညာများကို အသုံးချ၍ အင်ဂျင်နီယာဆိုင်ရာ ပြဿနာများကို ခွဲခြမ်းစိတ်ဖြာပြီး ပြဿနာများကိုဖြေရှင်းနိုင်လိမ့်မည်။

 

စာပေဌာန

စဉ်အမည်ရာထူးပညာအရည်အချင်း
ဒေါ်သက်စုအောင်ကထိကM.Sc (Maths;)
သင်္ချာဌာန

“စစ်ဆေးအကဲဖြတ်ခြင်း”

  • အခန်းဆုံးစစ်ဆေးခြင်း - ၁၀ %
  • စာသင်ခန်းအတွင်းလုပ်ဆောင်ချက် - ၁၀ %
  • တတ်မြောက်နားလည်မှု (အလုပ်၊ တာဝန်) - ၂၀ %
  • စာမေးပွဲစစ်ဆေးခြင်း (စာတွေ့) - ၆၀ %

“အခန်းဆုံးစစ်ဆေးခြင်း”

            သင်္ချာဘာသာရပ်၏ မတူညီသော နယ်ပယ်ကြားရှိ ဆက်သွယ်ချက်များကိုပြုလုပ်ရန်နှင့် ပုစ္ဆာများကိုဖြေရှင်းရန် ဗဟုသုတရရှိနိုင်ရန်အတွက် အသုံးပြုပါသည်။

“စာမေးပွဲစစ်ဆေးခြင်း” (စာတွေ့)

            သင်ယူသူများသည် သိမှုဆိုင်ရာစာမေးပွဲများကို နှစ်ဝက်သင်တန်းတစ်ခုပြီးတိုင်း အောင်မြင်ရမည်။

“အောင်မှတ်နှင့် ဂုဏ်ထူးရမှတ်”

  • အောင်မှတ် - (၄၀) မှတ်
  • ဂုဏ်ထူးမှတ် (အနည်းဆုံး) - (၆၅) မှတ်

ရူပဗေဒဘာသာရပ်

“ရည်ရွယ်ချက်များ”

            အင်ဂျင်နီယာသိပ္ပံ (ရူပဗေဒ) ဘာသာရပ်သည် အင်ဂျင်နီယာဘာသာရပ်များ၏ အကိုင်းအခက်တစ်ခုဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများသည် အင်ဂျင်နီယာနယ်ပယ်များဖြစ်သော စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျင်နီယာ၊ အီလက်ထရွန်းနစ်အင်ဂျင်နီယာ နယ်ပယ်များတွင် အလွန်အသုံးဝင်သော အတွေးအခေါ်၊ အယူအဆများနှင့် အခြေခံကောင်းများကို ရရှိနိုင်ပါသည်။

“အကျိုးကျေးဇူးများ”

            ရူပဗေဒဘာသာရပ်၏ အတွေးအခေါ်၊ ယူဆချက်များကိုအသုံးပြုခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများသည် အင်ဂျင်နီယာနှင့်ဆက်နွယ်သော အခက်အခဲများကို ဖြေရှင်းနိုင်ပါသည်။ အင်ဂျင်နီယာ၏အခြေခံအချက်အလက်များနှင့် အထူးပြုဘာသာရပ်တို့ကို သိရှိရန်နှင့် လက်တွေ့လုပ်ဆောင်ချက်များ၊ အလေ့အကျင့်များကို ကျယ်ကျယ်ပြန့်ပြန့်နားလည်ရန်အတွက်ဖြစ်ပါသည်။

 

စာပေဌာန

စဉ်အမည်ရာထူးပညာအရည်အချင်း
ဒေါ်ခင်နီလာထွေးလက်ထောက်ကထိကM.Sc (Physics)
ဒေါ်ငုဝါအောင်ကထိကM.Sc (Physics)
ရူပဗေဒဌာန

“စစ်ဆေးအကဲဖြတ်ခြင်း”

  • လက်တွေ့ရမှတ် - ၄၀ %
  • စာတွေ့ရမှတ် - ၆၀ %

“စာမေးပွဲဖြေဆိုမှု” (စာတွေ့)

            ကျောင်းသား၊ ကျောင်းသူများသည် စာသင်နှစ်တစ်ပိုင်းစီတွင် စာမေးပွဲကို မဖြစ်မနေဖြေဆိုကြရမည်။

“ရိုးရိုးအောင်နှင့် အထူးအောင်အခြေအနေ”

  • ရိုးရိုးအောင်မှတ် - (၄၀) မှတ်
  • အထူးအောင်မှတ် - (၆၅) မှတ်

“ဓာတုဗေဒဘာသာရပ်”

 

“ရည်မှန်းချက်များ”

            ဓာတုဗေဒဘာသာရပ်သည် အင်ဂျင်နီယာဘာသာရပ်၏ အခြေခံဘာသာရပ်များကို အထောက်အပံ့ပေးသော ဘာသာရပ်ဖြစ်သည်။  

“အကျိုးကျေးဇူးများ”

            ကျောင်းသား၊ ကျောင်းသူများသည် ထိရောက်သောဆက်သွယ်မှုနှင့် သိပ္ပံပညာနှင့်ဆိုင်သော အချက်အလက်များ ကောင်းစွာဖွံ့ဖြိုးလာမည်။ အင်ဂျင်နီယာ၏ အခြေခံအချက်အလက်များနှင့် အထူးပြုဘာသာရပ်တို့ကိုသိရှိရန်နှင့် လက်တွေ့လုပ်ဆောင်ချက်များ၊ အလေ့အကျင့်များကို ကျယ်ကျယ်ပြန့်ပြန့် နားလည်ရန်အတွက်ဖြစ်ပါသည်။

 

စာပေဌာန

စဉ်အမည်ရာထူးပညာအရည်အချင်း
ဓာတုဗေဒ ဌာန

“စစ်ဆေးအကဲဖြတ်ခြင်း”

  • လက်တွေ့ရမှတ် - ၄၀ %
  • စာတွေ့ရမှတ် - ၆၀ %

“စာမေးပွဲဖြေဆိုမှု” (စာတွေ့)

            ကျောင်းသား၊ ကျောင်းသူများသည် စာသင်နှစ်တစ်ပိုင်းစီတွင် စာတွေ့စာမေးပွဲကို မဖြစ်မနေဖြေဆိုကြရသည်။

“ရိုးရိုးအောင်နှင့် အထူးအောင်အခြေအနေ”

  • ရိုးရိုးအောင် - (၄၀) မှတ်
  • အထူးအောင် - (၆၅) မှတ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်