Breaking News

ကျောင်းအကြောင်း

အစိုးရနည်းပညာအထက်တန်းကျောင်း(ထားဝယ်)ကို ၂၀၀၉ ခုနှစ်တွင် ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)မှ လွှဲပြောင်းရယူခဲ့ပြီး ၂၀၀၉ ခုနှစ်၊ မေလ (၅)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ အစိုးရနည်းပညာ အထက်တန်းကျောင်း(ထားဝယ်)သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရှမ္မလည်ဆွဲရပ်ကွက်၊ မျှော်အင်း လမ်းပေါ်တွင် တည်ရှိပြီး အရှေ့ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်တို့တွင် ထားဝယ်ပညာရေးကောလိပ်၊ မြောက်ဘက်တွင် ဇီဝဇိုးဘုန်းတော်ကြီးကျောင်းနှင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးတို့ တည်ရှိပါသည်။ မြေနေရာ အကျယ်အဝန်းအားဖြင့် (၀.၈၆၆)ဧက ကျယ်ဝန်းပါသည်။
 လူငယ်၊ လူရွယ်များ အတွက် နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ အတတ်ပညာများဖြင့် အသက်မွေး ဝမ်းကြောင်း ပြုနိုင်သည်ထိ လေ့ကျင့်သင်ကြားပေးရန်  ဒေသတွင်း စက်မှုပညာကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန်
  • ဒေသလိုအပ်ချက်နှင့်ကိုက်ညီသည့် သက်‌မွေးပညာသင်တန်းများ ဖွင့်လှစ်၍ အရည်အချင်းပြည့်ဝသော နည်းပညာနှင့်သက်မွေးပညာ အတတ်ပညာရှင်များနှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပြီး ဒေသဖွံ့ဖြိုးရေး အထောက်အကူပြုပေးနိုင်ရန်

ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့သောကျောင်းအုပ်ကြီးများ

စဉ်အမည်ပညာအရည်အချင်းတာဝန်ထမ်းဆောင်ခဲ့သည့်ကာလ
ဒေါ်စန်းစန်းဝေBE(Civil)၄-၉-၂၀၀၉ မှ ၁၄-၄-၂၀၁၀ ထိ
ဒေါ်မြကြည်
BE(EP)၂၀-၄-၂၀၁၀ မှ ၁၇-၆-၂၀၁၁ ထိ
ဦးသော်ဇင်ဖြိုးBE(Mech)၁၇-၆-၂၀၁၁ မှ ၁၂-၆-၂၀၁၂ ထိ
ဦးမျိုးမင်းဟန်ME(Mech)၁၂-၆-၂၀၁၂ မှ ၂၄-၅-၂၀၁၈ ထိ
ဦးဟိဏ်းထက်အောင်ME(EC), Russia၂၄-၅-၂၀၁၈ မှ ယနေ့အထိ